၂ မေ

အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်းကမ်းရိုးတန်းဆီကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတွက် ရေတပ်ကို အဲဒီနေရာကို စေလွှတ်ပြီး အသင့်အနေအထားရှိအောင် မနေ့က စပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 

36

 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း ဖန်နီဟာ တစ်နာရီကို မိုင် ၁၂၇ မိုင်နှုန်းနဲ့ မနက်ဖြန် သောကြာနေ့မှာ သြရိဿပြည်နယ်ဆီကို တိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

 

1500

 

လူ ၁ သန်းလောက် နေထိုင်နိုင်တဲ့ ယာယီနားခိုရန်စခန်း ၈၅၀ ကျော်ကို တည်ဆောက်ထားပြီး သောက်ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ မီးဖိုးခန်း၊ လျှပ်စစ်မီးပါ ပြင်ဆင်ပြီးကြောင်း ဒေသတွင်း သတင်းဌာနတွေက ကြေငြာသွားပါတယ်။ 

သြရိဿပြည်နယ် အုပ်ချုပ်ရေးမှူးက ကမ်းခြေနေ လူပေါင်း ၈ သိန်းလောက်ကို ဒီကနေ့ မနက်ပိုင်းမှာ နေရာရွှေ့ပြောင်းနေကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ အမျိုးသမီးများ နဲ့ သက်ကြီးရွယ်များကို အထူးစောင့်ရှောက်ထားကြောင်း ပြောပါတယ်။ 

ဒါ့အပြင် ကယ်ဆယ်ရေးလှေ ၃၀ဝ နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ နောက် ၄၈ နာရီ ကနေ ၇၂ နာရီအတွင်း ကယ်ဆယ်ရေးလုပ်ရန် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ 

သြရိဿပြည်နယ်တစ်ခုတည်းမှာ လူဦးရေ ၄၆ သန်း နေထိုင်ကြောင်း သိရပြီး အိန္ဒိယရွေးကောက်ပွဲမှာ ဧပြီ ၁၁ ရက်နေ့ မဲပေးပြီးပြီဖြစ်ပါတယ်။ 

တခြားကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ တမီးနာရူးနဲ့ အန်နရာပရာဒစ်ပြည်နယ်တွေမှာလည်း ဖန်နီဆိုင်ကလုန်းမုန်တိုင်းကို သတိပေးမှုတွေနဲ့ပြင်ဆင်မှုတွေ ရှိနေကြောင်း သိရပါတယ်။ အိန္ဒိယ မိုးလေဝသဌာနက ငါးဖမ်းလှေတွေကို ဗုဒ္ဓဟူးနေ့ ညပိုင်းမှာကမ်းကို ပြန်ကပ်ဖို့ ကြေငြာထားပြီးဖြစ်ပါတယ်။  

MDN 
ကိုးကား - AFP