၂ မေ 

 


ဝီကီလိ (WikiLeaks) တည်ထောင်သူ ဂျူလီယမ် အာဆန့်ချ် ကို လွန်ခဲ့တဲ့ ၇နှစ်က  ဗြိတိန်နိုင်ငံရဲ့ တရားရုံးတစ်ရုံးက  ချမှတ်တဲ့အာမခံကို ချိုးဖောက်ခဲ့တဲ့ ထောင်ဒဏ် တစ်နှစ်နီးပါး (သီတင်းပတ် ၅၀ )  မနေ့က ချမှတ်ခံခဲ့ရပါတယ်။ 

 

ိတ်

 


လွန်ခဲ့တဲ့ ၇နှစ်က အာဆန့်ချ်ဟာ ဆွီဒင်နိုင်ငံကို တရားခံလွဲပြောင်းရေးကို ရှောင်ရှားဖို့အတွက် လန်ဒန်မြို့ရှိ အက်ကွေဒေါသံရုံးမှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ဆွီဒင်နိုင်ငံတရားရုံးတစ်ရုံးက အာဆန့်ချ်ဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုနဲ့ မုဒိန်းမှုကျူးလွန်ခဲ့ဆိုပြီး တရားစွဲဆိုခဲ့ရာ ပြစ်မှုအတွက် တရာခံလွဲပြောင်းပေးရေး တောင်းခံခဲ့ပါတယ်။ အာဆန့်ချ်ကတော့ အဲဒီပြစ်မှုတွေကို လုံးဝ မကျူးလွန်ခဲ့ဘူးဖူးလို့ ငြင်းဆန်ပါတယ်။ 

 

နတ်

 


သြစတြီးယားနိုင်ငံသား ဝီကီလိ တည်ထောင်သူဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က လန်ဒန်မြို့ရှိ အက်ကွေဒေါ သံရုံးကနေ သူ့ကိုယ့်သူ အဖမ်းခံခဲ့တာဖြစ်ပါတယ်။ 

 


လန်ဒန်မြို့ရှိ ဆောက်ဝသ်တရားရုံးကို မနေ့က ရုံးထုတ်လာတဲ့ အသက် ၄၇ နှစ်အရွယ် အာဆန့်ချ် ကို ထောက်ခံသူတွေဟာ လက်သီးစုတ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အာဆန့်ချ်ထောက်ခံသူတွေက အာဆန့်ချ်ကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားရုံးကို ရှက်စရာအကောင်းဆုံးလုပ်ရပ်ကို လုပ်ဆောင်တယ်လို့ အော်ဟစ်ကြပါတယ်။ 

 


အမေရိကန်နိုင်ငံက အာဆန့်ချ်ကို တရားခံလွဲပြောင်းပေးရေး တောင်းခံနေဆဲဖြစ်ပါတယ်။ အာဆန့်ချ်ဟာအမေရိကန် ထောက်လှမ်းရေးတပ်မှာ အလုပ်လုပ်ကိုင်နေစဉ် ကာကွယ်ရေးဌာနပိုင် ကွန်ပြူတာတွေရဲ့ လျှို့ဝှက်နံပတ်တွေကို ခိုးယူပြီး  အမေရိကန်စစ်တပ်ရဲ့ အီရတ်စစ်ပွဲမှာ လွဲမှားတဲ့ လုပ်ရပ်နဲ့ အမေရိကန်နိုင်ငံရဲ့ သံတမန်တွေရဲ့ စာတွေကို  ခိုးယူပြီး ၂၀၁၀ ခုနှစ် မတ်လမှာ ဝီကီလိဒ်ပေါ်တင်ခဲ့ပါတယ်။ ဒီပြစ်မှုတွေသာ ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

 

န်ိ

 


ဝီကီလိဒ် အဖွဲ့က အာဆန့်ချ်ကို အမေရိကန်နိုင်ငံကို လွှဲပြောင်းမပေးရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ အမေရိကန်ကို တရားခံလွှဲပြောင်းပေး မပေး ကနဦးကြားနာမှုကို ဒီကနေ့ ကြာသပတေးနေ့မှာ လုပ်ဆောင်မှာဖြစ်ပါတယ်။ 

 


MDN
ကိုးကား - AFP