နေပြည်တော် ၂ မေ
မူးယစ်တပ်ဖွဲ့စု(၈) မုံရွာမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ ရက် မွန်းလွဲ ၁ နာရီက မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ ဇလုပ်အဝိုင်းအနီး၊ မြို့ရှောင်လမ်းတွင် ကျော်ဝင်းညွန့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၉၄ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မြဝတီရပ်ကွက်၊ အမှတ်(၁၅) လမ်းသွယ်၊ မေတ္တာလမ်းရှိ ကျော်ဝင်းညွန့်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉၃၇ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်နွဲ့ကျေးရွာနေ လုံကျွဲ၏ နေအိမ်ကိုရှာဖွေရာ လုံကျွဲ၊ အိုက်စံနှင့် အိုက်နန့်တို့အား တွေ့ရှိရပြီး လုံကျွဲထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၀ ကို လည်းကောင်း၊ အိုက်စံထံမှ ၄၃ ပြားကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN