ဒီးမော့ဆို ၂ မေ

           

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငွေတောင်ကျေးရွာအုပ်စု ဒေါကလိုးခူကျေးရွာအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးတိုင် ၈ တိုင် ကျိုးကျပြီး ၄ တိုင် ယိုင်လဲကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

1

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်လျှပ်စစ်တာဝန်ခံ ဦးသီဟဝင်းနှင့် ဝန်ထမ်းများ၊ အုပ်စုအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

 

1