ဆိပ်ဖြူ ၃ မေ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် အပူဒဏ်အန္တရာယ်ခံစားရသူများ ဆေးဝါးကုသမှု လာရောက်ခံယူလျှက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်သည် အပူချိန်မြင့်မားသည့်ရပ်ဝန်း၌ တည်ရှိသည့်အတွက် ဒေသအပူချိန်သည် ၂၀၁၉ ခုနှစ် ဧပြီလလယ်ပိုင်းမှ စတင်၍ လက်ရှိနေ့ရက်များအချိန်ထိ ရာသီဥတုအပူချိန် သိသိသာသာ မြင့်မားလာမှုကြောင့် ဒေသခံပြည်သူအများနှင့် ခရီးသွားပြည်သူအများ ခံစားရလျှက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အပူဒဏ်အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးမှုများကို ဆောင်ရွက်ပေးလျှက်ရှိပြီး အပူဒဏ်အန္တရာယ်ကြောင့် ပင်ပန်းနွမ်းနယ်သူ၊ အပူကြီးဖျားနားခြင်းနှင့် ဝမ်းရောဂါဝေဒနာရှင် အနည်းငယ်ရှိ စနစ်တကျ ဆေးဝါးကုသပေးလျှက်ရှိကြောင်း လက်ရှိတွင် အပူဒဏ်အန္တရာယ်ခံစားရသူ (၃)ဦးခန့် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျှက်ရှိကြောင်း မြို့နယ်သူ့ဆေးရုံ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများထံမှ သိရှိရကာ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းသိရှိရပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး ဌာနများ၊သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအပူဒဏ်အန္တရာယ် အသိပညာပေးများ ဆောင်ရွက်မှုတို့ဆောင်ရွက်လျှက်ရှိပြီး အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ရာသီဥတု ပြောင်းလဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါအန္တရာယ်များ၊ ကူးစက်တတ်သောရောဂါများ၊ အဟာရချို့တဲ့ခြင်းနှင့် နာတာရှည်ရောဂါ ဖြစ်ပွားမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာများကို အသိပေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)