နေပြည်တော် ၃ မေ
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ဒေါဆာဆီးကျေးရွာ၊ မြေနီလမ်းတွင် စိန်လှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀ဝ ၊ ငွေကျပ် ၁၅၀,ဝဝဝ ၊ အမ်-၂၂ ကျည် ၂၅ တောင့်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်းကားလမ်းတွင် အာကာမြင့် မောင်းနှင်ပြီး တင်အောင်မျိုး(ခ)ကိုမျိုး လိုက်ပါလာသည့် HONDA INSIGHT အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၃၅ ပြားနှင့်လက်ကိုင် ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN