၄ မေ
ယနေ့နံနက် မြန်မာစံတော်ချိန်  (ဝ၄:ဝ၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်


အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အခြေအနေ
==============================
(က)ယနေ့မြန်မာစံတော်ချိန် (ဝ၃:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ပူရီမြို့ (Puri)အနီးမှ ဖြတ်ကျော်ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဖန်နီ"(FANI)အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဘလာဆောမြို့(Balasore)၏ အရှေ့ မြောက်ဘက် (၂၅)မိုင်ခန့်၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ အနောက်-အနောက်တောင်ဘက် မိုင်(၈၀)ခန့်အကွာတွင် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) "ဖန်နီ" (FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
====================
(က) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် နောက်(၆)နာရီအတွင်း အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ရောက်ရှိပြီး၊ နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း"ဖန်နီ"(FANI)အဖြစ်သို့ အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက် 
============
(က) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် (၄.၅.၂၀၁၉)ရက်နေ့မှ (၅.၅.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
========
(က) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။