ရန်ကုန် ၄ မေ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အား ဘောလုံးအားကစားဖြင့် မြို့ဂုဏ်ဆောင်ခဲ့ကြသော ဘောလုံးအားကစား ဟောင်းကြီးများ တွေ့ဆုံပွဲကို မေ ၄ ရက် နံနက် ၉ နာရီက သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ သတိပဋ္ဌာန်လမ်း ရွှေမြင့်မိုရ် လက်ဖက်ရည်ဆိုင်၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဘောလုံးအားကစားဟောင်း အသက် ၆၀ ကျော်နှင့် ၇၀ ကျော်ရှိ အားကစားဟောင်းကြီးများ ပြန်လည်စုစည်းတွေ့ဆုံကာ မျိုးဆက်သစ် ဘောလုံးအားကစားသမားများအတွက် ဘောလုံးအားကစားနည်းများ အထောက်အကူဖြစ်စေရန်အတွက် ဘောလုံးအားကစားဟောင်းကြီးများ၏ အတွေ့အကြုံများအား လစဉ် တစ်လတစ်ကြိမ် လနောက်ဆုံးပတ်တွင် အဆိုပါ လ္ဘက်ရည်ဆိုင်၌ ဆွေးနွေးကြမည်ဖြစ်ရာ ဘောလုံးအားကစားစိတ်ဝင်စားသူများနှင့် ပါဝင်ဆွေးနွေးလိုသော အားကစားဟောင်းကြီးများအနေဖြင့် ဖုန်း- ဝ၉ ၇၉၅၄၂၀၉၆၄ သို့ဆက်သွယ်ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)
