နေပြည်တော် ၄ မေ

 

ယနေ့ ညနေ ၅ နာရီ ၃၄ မိနစ် ဝ၁ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၁၂၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ ခန္တီးမြို့၏ မြောက်ဘက်(၁၄)မိုင် ခန့်အကွာတွင်အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၆.၂၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၀)ဒီဂရီ၊ အနက် (၉၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အား အသင့်အတင့််ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN