ရန်ကုန် ၄ မေ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းသည် ယနေ့နံနက်ပိုင်းက မလေးရှားနိုင်ငံ၌ ကျင်းပသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနေရာများအတွက် ရွေးချယ်တင်မြောက်မှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံအဆင့် ပြိုင်ပွဲများ၊ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသောကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် အစည်းအဝေးများကိုမူ အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအနေဖြင့် တက်ရောက်မည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF