ကော့သောင်း ၅ မေ
ကော့သောင်းမြို့၊ အော်ကြီးကျေးရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ သားက ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်မှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၄ ရက်က ဒေါ်ဆုရီး (၅၅)နှစ်နှင့် ခင်ပွန်း ဦးဆာမန်း (၆၀)နှစ်တို့သည် နေအိမ်တွင် နေ့လယ်နေ့ခင်း ခေတ္တအိပ်စက်နေရာမှ နိုးလာပြီး အိမ်အပြင်သို့အထွက်တွင် သားဖြစ်သူ မောင်ဖွာလင်း (စိတ်ကျန်းမာရေးမကောင်းသူ)သည် ရွာထဲမှပြန်လာပြီး အသင့်ပါလာသော ဓားကောက်ဖြင့် မိဘနှစ်ဦးအားခုတ်ရာ ဦးဆာမန်း၏ ဦးခေါင်း၊ ခန္ဓာကိုယ်တို့တွင် ပြတ်ရှဒဏ်ရာများ ရသဖြင့် ကော့သောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မောင်ဖွာလင်းအား ကော့သောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)