နေပြည်တော် ၅ မေ
မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် နံနက် ၁၁ နာရီက သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာ၊ သစ်ခွဲပင်သစ်ဆိပ်အနီး၊ မိုးမိတ်-တွင်းငယ်သွားလမ်း၌ လမင်းချစ် မောင်းနှင်ပြီး စိုးလွင်ဦး(ခ)မောင်ထွေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ (၆)မိုင် စစ်ဆေးရေးဂိတ်တွင် အီဗြာဟိန်း(ခ)သီဟဖြိုး မောင်းနှင်ပြီး မောင်ခင်ဝင်း(ခ)ဂျမ်ကဲ (ခ)ဆိုင်ဖူးနှင့် ဂျာကဲ(ခ)ကျော်စိုးမြင့်တို့လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉,၇၅၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊
ထို့အတူ မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၆)၊ ဥဿဖျားလမ်းနေ မဝင်းဝင်းသွယ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၇၉၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
အလားတူ ည ၈ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် ခိုင်လင်းနိုင်(ခ) နိုင်လင်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊
ယင်နေ့မန်းလွဲ ၁ နာရီခွဲတွင် တပ်မတော်မှ မိုးမိတ်မြို့နယ်၊ စီပိန်းကျေးရွာ၊ ဖုန်းဆက်တောင် တောထဲရှိ မိုးကာတဲတစ်လုံးကိုစစ်ဆေးရာ တဲအတွင်း၌ ကိုခန့်၊ မောရှည်၊ မောင်ယာဘု၊ ကျော်ဖြိုးနိုင်နှင့် အားနိမ်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၇၉,ဝ၀ဝ ၊ ဘိန်းဖြူ ၆၉၀ ဂရမ် ၊ ဘိန်းမဲ ၈၀ဝ ဂရမ် ၊ မြန်မာငွေကျပ် ၈,ဝ၆၀,ဝ၀ဝ၊ မော်တော်ဆိုင်ကယ် ၄ စီး၊ လက်ကိုင်ဖုန်း ၅ လုံးနှင့်အတူတွေ့ရှိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN