၆ မေ

၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်တဲ့ အရင်းရှင်ဝါဒဟာ စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုတွေကို အလျင်အမြန်ဖြစ်စေခဲ့ပါတယ်။ အဲဒီလိုဖြစ်စေခြင်းက လူတန်းစားကွဲပြားခြားနားမှုတွေ ဖြစ်စေခဲ့ပြီး ဆင်းရဲသားတွေကြား စီးပွားရေးဆိုင်ရာ မလုံခြုံမှုတွေ အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ ထို့နောက်မှာတော့ စီးပွားရေးပျက်ကပ်ကို ဦးတည်တဲ့ပုံစံတွေ ဖြစ်လာပါတော့တယ်။

ဦးတည်လာ

ဒါပေမယ့်လည်း  အမြဲတမ်းဒီလိုကြီးပဲတော့  မဟုတ်ပါဘူး။ ပြည့်စုံကြွယ်ဝတဲ့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ကောင်းအောင်  လောင်စာထည့် လိုက် သလိုပါပဲ။ အလုပ်သမားနဲ့ အလယ်အလတ်လူတန်းစား တွေလက်ထဲ လုပ်ကိုင်နိုင်မှုတွေ ငွေအရင်းအမြစ်တွေ ရောက်လာပါတယ်။ ထို့အတူပါပဲ  ပညာရေးပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ လုံခြုံတိုးတက်မှုတွေဟာလည်း ဒီရေအလားတရိပ်ရိပ်နဲ့ တက်လာပါတော့တယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ အနေအထားဟာ ဒီရေလိုပါပဲ။  အမြဲတမ်းတက်လိုက်ကျလိုက် ဖြစ်နေတာပါပဲ။ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက သက်သာ ချောင်ချိရေးကွန်ရက်တွေဟာ သိသိသာသာကိုပဲ လျော့နည်း လာပါတယ်။  အလုပ်သမားတွေကို ကာကွယ်ပေးတဲ့  အလုပ်သမားစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာလည်း လျော့ရဲလာပါတယ်။ ပညာရေးနဲ့ ပြည်သူ့အစီအစဉ်တွေအတွက် ထည့်ဝင်ခဲ့တဲ့  ရန်ပုံငွေတွေဟာလည်း  တဖြည်းဖြည်းလျော့ နည်းကျဆင်းလာပါတယ်။  ဆင်းရဲမှုတွေနဲ့    အလုံးစုံသော အကျပ်အတည်းတွေဟာ အမေရိကန်ပြည်ထောင်စုကြီးဆီကို နောက်တစ်ဖန်  ရောက်ရှိလို့လာခဲ့ပြီလားဆိုတာတော့ အတိ အကျပြောလို့တော့ မရသေးပါဘူး။

၁၉၉၆ ခုနှစ် သက်သာချောင်ချိရေး ပြုပြင်ပြောင်းလဲမှုအရ ကလေးရှိတဲ့ ခင်ပွန်းသည်မရှိ၊ ဇနီးမရှိတဲ့ တစ်ဦးတည်း မိဘတွေဟာ အရင်လိုမဟုတ်ဘဲ  အကူအညီငါးနှစ်သာရရှိ တော့မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်းချက်အရ အလုပ် မဖြစ်မနေ လုပ်ရတော့မှာဖြစ်ပါတယ်။ သက်သာချောင်ချိရေး အကျိုးခံစားတဲ့ မိသားစုတွေဟာ ၁၉၉၆ ခုနှစ်မှာ ၄ ဒသမ ၆ သန်းရှိခဲ့ပြီး   အခုနှစ်မှာတော့ ၁ ဒသမ ၁ သန်းသာ  ရှိတော့ပါတယ်။  သက်သာချောင်ချိရေးအကျိုးခံစားတဲ့    မိသားစုဝင် အရေအတွက်ကျဆင်းလာတာဟာ ဆင်းရဲမွဲတေမှုတွေ လျော့ နည်းသွားတယ်လို့တော့ မဆိုလိုပါဘူး။ ခိုင်မာမှုမရှိတော့တဲ့  သက်သာချောင်ချိရေးကွန်ရက်တွေဟာ  နောက်တစ်ဖန် ဆင်းရဲနှုန်းမြင့်တက်မှုဆီကို ဦးတည်လို့လာခဲ့ပါပြီ။

စိန်ခေါ်မှုတွေဖြစ်

အမေရိကန်ဒေါ်လာသန်း ၄၀ ဟာ ဆင်းရဲမွဲတေမှုတွေနဲ့ နေနေရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကလေးဆင်းရဲမှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ စစ်တမ်းကောက်ယူ သူတွေက ဆိုပါတယ်။ ထို့အတူ အလွန်အမင်းဆင်းရဲတဲ့ တစ်နေ့ အမေရိကန်ဒေါ်လာ  နှစ်ဒေါ်လာထက်    နည်းပြီးရတဲ့လူတွေ လည်းရှိပြီးတော့      အခြေခံလူနေထိုင်မှုအဆင့်အတန်းတွေဖြစ်တဲ့ ရေဆိုးနုတ်စနစ်၊ နေရာထိုင်ခင်း၊ ပညာရေးနဲ့ကျန်းမာ ရေးအစီအမံ စတာတွေကို ရရှိခံစားမှုလည်း မရှိကြပါဘူး။

နောက်အဆက်အဆက်တက်လာတဲ့        အမေရိကန် သမ္မတလက်ထက်မှာ အမေရိကန်နိုင်ငံကြီးဟာ  အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့  ၄၅ ယောက်မြောက် သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ      အမေရိကန်နိုင်ငံဟာ    အတက်အကျတွေ လျင်လျင်မြန်မြန်ဖြစ်ပေါ်လို့ လာခဲ့တယ်လို့ပဲ ပြောရမလားမသိ တော့ပါဘူး။  အခုဆိုရင်  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့် တာဝန်ယူလာတဲ့ လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာ  နိုင်ငံတကာအသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့ ပါတယ်။ ထို့အတူပဲ  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို အဆက်မပြတ်ခြိမ်းခြောက်မှုရှိပြီး ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချမှတ်ထားတဲ့ အမေရိကန်သည်သာ  ပထမဆိုတဲ့မူဝါဒဟာ  တဖြည်းဖြည်းအရှိန်မြင့် တက်လာပြီး   ရုပ်လုံးပေါ်လာပြီဖြစ်ကာ  အဆိုပါမူဝါဒကြောင့် အမေရိကန်အစိုးရရဲ့   ဆောင်ရွက်မှုတွေဟာ  မတည်ငြိမ်မှုတွေ၊ မသေချာမှုတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

အမေရိကန်သမ္မတ      ဒေါ်နယ်ထရမ့်ဟာ      လွတ်လပ်တဲ့ ကုန်သွယ်ရေး   သဘောတူညီချက်ဖြစ်တဲ့   ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုသဘောတူညီချက်မှ  အမေရိကန်ပြည်ထောင်စုကို ဆွဲထုတ်ခဲ့ပါတယ်။ ပြီးတော့လည်း ပါရီရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်မှလည်း နောက်ပြန်ဆုတ်ခဲ့ပါတယ်။ 

ထို့အတူ အီရန်နဲ့ အနောက်နိုင်ငံကြား သဘောတူခဲ့တဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်က နုတ်ထွက်လိုက်ခြင်း၊ ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယားကင်းစင်ရေးအတွက် မြောက်ကိုရီးယား နိုင်ငံအပေါ် ကျင့်သုံးနေတဲ့ မူဝါဒ၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍအခင်းအကျင်း စတဲ့အကြောင်းအရာတွေမှာ ပြောင်းလဲ မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် အမေရိကန်သမ္မတထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက်  ကြိုးစားနေတဲ့ကိစ္စဟာလည်း  သောင်မတင် ရေမကျ ဖြစ်နေပါတယ်။

ကမ္ဘာ့အသိုင်းအဝိုင်းမှ ကျောခိုင်းလာ  

ထို့အပြင်  အမေရိကန်နိုင်ငံရဲ့  လူဝင်မှုကန့်သတ်တာတွေ၊ အမေရိကန်-ကျူးဘားဆက်ဆံရေးကို  ပြောင်းလဲမှုတွေ၊  ဂျေရု ဆလင်ကို  အစ္စရေးနိုင်ငံအဖြစ်  လက်ခံကြောင်း  ကြေညာတာတွေ၊ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်နှိမ်နင်းရေးအပေါ်  စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေ အပါအဝင် အီရန်နိုင်ငံရေး အသိုင်းအဝိုင်းကို ဝင်ရောက်စွက်ဖက်တဲ့ တင်းမာတဲ့အပြောအဆိုကတစ်ဆင့် ပါကစ္စတန်နိုင်ငံအပေါ်  ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းတာတွေ စတာတွေကို  လုပ်ကိုင်ဆောင်ရွက်လာတာကို  ကြည့်ခြင်းအား ဖြင့် အမေရိကန်နိုင်ငံရဲ့  နိုင်ငံခြားရေးမူဝါဒဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပေါ်ပေါက်လာတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  လက်ရှိဆောင်ရွက်မှုတွေဟာ အပြုသဘောထက် အနုတ်သဘော ဆောင်နေသလား ဆိုတာတော့  နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျိန်းသေတာတစ်ခုကတော့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ထီးထီးကြီး  ဖြစ်လာတယ်ဆိုတာ ငြင်းမရပါဘူး။

ဒါတင်မကပါဘူး။  ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော်  မိတ်ဖက် ဆက်ဆံရေးသဘောတူညီချက်မှ      နုတ်ထွက်ခြင်း၊  ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်ခြင်း၊ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှ နုတ်ထွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး  သဘောတူညီချက်မှ  နုတ်ထွက်မှုစတဲ့ အချက်တွေကိုကြည့်ရင် အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံရဲ့  အကျိုးစီးပွားကို ကာကွယ်လိုတဲ့အပြင် သီးခြားနေထိုင်လိုတဲ့သဘောကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေက ကာလရှည်ကြာ   မဟာမိတ်ဖြစ်ခဲ့တဲ့နိုင်ငံတွေကို  ဆောက်တည်ရာမရ ဖြစ်စေခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း      အမေရိကန်နိုင်ငံအပေါ် သူ့ရဲ့ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်စရာ တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပိုမိုအလေးပေး

ဒေါ်နယ်ထရမ့်ရဲ့          သမ္မတရွေးကောက်ပြွွေဲကးကြော်သံအတိုင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ပုံမှန်လမ်းရိုးမှ ခွဲထွက်ပြီး တစ်မူထူးခြားတဲ့ ဆောင်ရွက်ချက်တွေ ဆောင်ရွက်နိုင်ခဲ့တဲ့   အနေအထားကို တွေ့ မြင်ရပေမယ့်လည်း ဒါဟာနိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ    ထီးထီးကြီးဖြစ်စေပါတယ်။  ခေတ်အဆက်ဆက် အမေရိကန်အစိုးရတွေနဲ့ ဒေါ်နယ်ထရမ့်ရဲ့  ကွာခြားချက်ဟာ  ဒေါ်နယ်ထရမ့်ဟာ  နိုင်ငံတကာစည်းကမ်းတွေကို  သတ်မှတ် ထိန်းသိမ်းတဲ့နေရာမှာ  ချိန်ညှိမှုအားနည်းပြီး  အများအကျိုး ဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေ  မျှဝေမှုနဲ့ ဒေသတွင်း  မူဝါဒလမ်းစဉ်တွေအပေါ်  ဗဟုဝါဒနဲ့ မချဉ်းကပ်နိုင်မှုစတဲ့ ကျင့်သုံးနေကျ   နိုင်ငံခြားရေးရာ  ဆောင်ရွက်ချက်တွေကို  ဆောင်ရွက်ပြီး အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒကို   နိုင်ငံတကာမူ ဘောင်တွေထက်   ပိုမိုအလေးပေးထားတာတွေ့ရမှာ  ဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံတည်းကိုသာကြည့်ပြီး  ဦးတည်ဆောင်ရွက်တဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာဖြစ်ဖို့ဆိုတာ      အလွန်ခက်ခဲတဲ့အနေအထား မှာရှိပါတယ်။    အမေရိကန်နိုင်ငံဟာ      ၄င်းတစ်နိုင်ငံတည်း လမ်းကြောင်းပေါ်လျှောက်လှမ်းတာကြောင့်  နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့  တဖြည်းဖြည်းဝေးကွာလာမလားဆိုတာ မပြောတတ်အောင်  ဖြစ်ရသလို  အမေရိကန်နိုင်ငံရဲ့  နိုင်ငံ တကာအသိုင်းအဝိုင်းအပေါ်    ဩဇာလွွှမ်းမိုးမှုလည်း  ရှိလာ မလားဆိုတာ  အတိအကျပြောဖို့  ခက်ခဲလာပါတယ်။ 

လက်ရှိ ကမ္ဘာကြီးဟာ အလုံးစုံ ရောနှောပေါင်းဖက်ပူးပေါင်းနေထိုင်တဲ့  ကံကြမ္မာအကျိုးတူ  ကမ္ဘာကြီးတစ်ခုဖြစ်လာတာနဲ့အညီ အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီနိုင်မှာလား ဆိုတာကတော့ အချိန်ကစကား ပြောသွားမှာဖြစ်ပါတယ်။

ကိုးကား - သည်ဝါရှင်တန်ပို့စ်
ထွန်းသစ်စ