ဂျေရုဆလင်  ၆  မေ 

 


အစ္စရေးနှင့်    ဟားမားစ်အုပ်စုတို့ကြားတိုက်ပွဲများ  ပေါ်ပေါက်လျက်ရှိကြောင်း သိရသည်။  ဟားမားစ်တို့သည်  အစ္စရေးပိုင် နယ်မြေထဲသို့  စနေနေ့က  ဒုံးကျည် ၂၀ဝ ခန့်   ပစ်ခတ်ခဲ့ပြီး   အစ္စရေးတို့ကလည်း ပြန်လည်တုံ့ပြန်သည့်အနေဖြင့်  လေကြောင်းမှ    တိုက်ခိုက်မှုများ၊ မြေပြင်မှ    တိုက်ခိုက်မှုများ   ပြုလုပ်ခဲ့သည်။

 

ဟားမားစ်တို့ ထိန်းချုပ်ထားရာနယ်မြေမှ ဆေးအဖွဲ့အစည်းတစ်ခု၏ ပြောကြားချက်အရ ပါလက်စတိုင်းကလေး ငယ်တစ်ဦး  သေဆုံးသွားကြောင်း  သိရသည်။ ဟားမားစ်တို့ဘက်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များကို  အစ္စရေးတို့ဘက်မှ ကြားဖြတ်ပစ်ချခဲ့ကြောင်း၊ သို့သော်ရန်သူဘက်မှ  အဆက်မပြတ်ပစ်ခတ်မှုကြောင့် အစ္စရေးတို့ဘက်မှ  အသတ်  ၈၀  အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

စနေနေ့က ပြုလုပ်ခဲ့သော ပစ်ခတ်မှု များ သည်    လွန်ခဲ့သောရက်များအတွင်း ပါလက်စတိုင်းဆန့်ကျင်ဆန ́ပြသူ တစ်ဦးကို  သတ်ဖြတ်ခဲ့သည့်အတွက်  ပြန်လည်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟားမားစ် တို့ဘက်မှ            သတင်းထုတ်ပြန်သည်။

 


အစ္စရေးတို့ဘက်မှလည်း လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ အစ္စရေးတို့ဘက်မှ တိုက်လေယာဉ်များသည် ဟားမားစ်တို့ဘက်မှ လက်နက်သိုလှောင်ရာ အဆောက်အအုံများအပါအဝင် စစ်ဘက်အဆောက်အအုံ ၇၀ ခန့်ကို ပစ်ခတ်ခဲ့သည်။  ထို့ပြင် တင့်ကားကြီးများဖြင့်လည်း ပါလက်စတိုင်း နယ်မြေဘက်သို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အသက် ၁၄ လအရွယ် ကလေး ငယ်တစ်ဦးနှင့် ဟားမားစ်အဖွဲ့ကို လိုလားသော တိုက်ခိုက်ရေးသမားတစ်ဦး  သေဆုံးခဲ့ကြောင်း ဒေသတွင်းဆေးရုံက ပြောသည်။ အစ္စရေးနိုင်ငံ၏  စီးပွားရေး မြို့တော်ဖြစ်သည့်  တဲအဗစ်မြို့တွင် ယူရို ဗားရှင်း သီချင်းဆိုပြိုင်ပွဲကို မေလအလယ် တွင်  ကျင်းပသွားရန်  စီစဉ်ထားသည်။ ဥရောပ၏အကြီးဆုံး သီချင်းပွဲတော်ကြီး ကို အစ္စရေးနိုင်ငံက အိမ်ရှင်အဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အစ္စရေးအစိုးရက အဓိကထားလျက်ရှိ သည်။ ဟားမားစ်တို့ကမူ အဆိုပါပွဲတော် ကျင်းပစဉ်အတွင်း ဒုံးကျည်များပစ်ခတ်၍ နှောင့်ယှက်မည်ဟု    သတိပေးထားရာ တိုက်ပွဲများ အရှိန်မြင့်လာမည်ကို စိုးရိမ်ရလျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ