ကင်ဘာရာ ၆ မေ
ဩစတြေးလျဝန်ကြီးချုပ် စကောက်မော် ရစ်ဆင် အဆိုပြုထားသောဥပဒေ အောက်တွင် ဩစတြေးလျ၌ ဆိုရှယ်မီဒီ ယာပေါ်မှတစ်ဆင့် တိုက်ခိုက်ခြင်း၊ အနှောင့်အယှက်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်ပါက အဖမ်းခံရမည်ဖြစ်ပြီး ထောင်ဒဏ်ငါးနှစ်အထိ ကျခံရဖွယ်ရှိသည်။
စကောက်မော်ရစ်ဆင်က ဩစတြေးလျတွင် ဆိုရှယ်မီဒီယာပေါ်၌ တစ်ဦးကိုတစ်ဦး လှောင်ပြောင်သရော် ခြင်းကို လက်ခံမည်မဟုတ်ဟု မေ ၅ ရက်က ကြေညာခဲ့ကြောင်း ဂါဒီယန် ဩစတြေးလျတွင် ဖော်ပြထားသည်။
ထို့ပြင် မေ ၁၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါက ဆိုရှယ်မီဒီယာတွင် ခြိမ်း ခြောက်အနိုင်ကျင့်မှုများကို နှိမ်နင်းသွားမည်ဟု ကတိပြုခဲ့သည်။ ယခုလက်ရှိ ဥပဒေအောက်တွင် ဆိုရှယ်မီဒီယာပေါ် ၌ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှုများ ပြုလုပ်သည်ကို ဖမ်းမိပါက ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမည်ဖြစ်သည်။
ဝန်ကြီးချုပ်အသစ် အဆိုပြုထားသည့် အွန်လိုင်းလုံခြုံရေး ဥပဒေအရ ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်ခံရမည်ဖြစ်သည်။ အွန်လိုင်းပေါ်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှောင့်ယှက်မှုများ၊ တိုက်ခိုက်မှုများ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြုလုပ်သင့်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အွန်လိုင်းပေါ်တွင် လှောင်ပြောင် သရော်ခြင်းများ ပြုလုပ်ခွင့်မရရန် ဥပဒေသစ်ချမှတ်ရန်နှင့် ကလေးများကို အကြမ်းဖက်ခံရမှုမှကာကွယ်ရန်၊ ၄င်းတို့၏လူမှုအသိုင်းအဝိုင်းကို လုံခြုံစိတ်ချနိုင်ရေး ကတိပြုကြောင်း စကောက် မောရစ်ဆင်က ပြောသည်။
ဆင်ဟွာ