ရန်ကုန် ၆ မေ

 


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၈၇)ရပ်ကွက် ငွေသော်တာလမ်းတွင် ယနေ့နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့သည်။

 


မီးလောင်ရာသို့ မြို့နယ်မီးသတ်နှင့် အရှေ့ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့တို့မှ Level (1) ယာဉ်အုပ်စုဖြင့် ရောက်ရှိငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 


မီးလောင်မှုမှာ ငွေသော်တာလမ်း အမှတ်(၇၆၁) နေအိမ်မှ လျှပ်စစ်ဝိုင်ယာရှော့ကြောင့် လောင်ကျွမ်းသည်ဟု သိရှိရပြီး နေအိမ်(၅)လုံး ဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

 


ကိုကြီးစိုး(ဆိပ်ကမ်း)

 

rytru