ရန်ကုန် ၆ မေ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထာက်အကူပြု မွေးမြူရေးသင်တန်း ဖွင့်လှစ်ခြင်းအား မေ ၅ ရက် နံနက် ၉ နာရီက ရုံးသပြေကန်ကျေးရွာ၊ အထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
မွေးမြူရေးသင်တန်းဖွင့်ပွဲတွင် သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရခြင်းတို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သန်လျင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သိန်းသိန်းဦးက ကျေးလက်ဒေသများတွင် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် African Swine Fever အကြောင်းအား တစ်ရက်တာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


