မန္တလေး ၆ မေ
စွန့်ပစ်ကော်ဖီမှုန့်များကို အသုံးပြုပြီး Coffee Brick လောင်စာတောင့် ပြုလုပ်ခြင်းကို အခုလ ၄ ရက်က မန္တလေးမြို့ Helton Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ Helton ဟိုတယ်များတွင် အသုံးပြုပြီးကော်ဖီမှုန့်များအား ကော်ဖီလောင်စာတောင့် ပြုလုပ်ခြင်းကို ထင်းနှင့် မီးသွေးအစားထိုး ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
‘မီးသွေးအစားထိုးသုံးနိုင်တဲ့အတွက် ကာဗွန်ထုတ်လွှတ်တဲ့ ပမာဏကို လျှော့ချချင်တာပါ။ အများကြီးမဟုတ်ပေမယ့် မန္တလေးအနေနဲ့ ဒီဟိုတယ်ကနေ ကာဗွန်ထုတ်လွှတ်မှု လျော့ချချင်တာဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံရှိ Helton ဟိုတယ် လုပ်ငန်းစု အထွေထွေမန်နေဂျာ Veronique Sirault ကပြောသည်။
အချိန်နှစ်လအတွင်း စုဆောင်းထားသည့် စွန့်ပစ်ကော်ဖီမှုန့် ၁၄၀ ကီလိုဂရမ်ကျော်အား အခြောက်ခံကာ သတင်းစာ စက္ကူအပိုင်းအစများ၊ ထမင်းရည်၊ ကော်ရည် စသည့်တို့ဖြင့် ရောနယ်ပြီး လောင်စာတောင့်ပြုလုပ်ခြင်းဖြစ်သည်။
ရရှိလာသည့် ယင်းလောင်စာတောင့်များကို Hilton ဟိုတယ်များတွင် မီးသွေးအစားထိုးစွမ်းအင်အဖြစ် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်