နေပြည်တော် ၆ မေ
မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးအေးမင်း၊ နည်းပြချုပ်- ဒေါ်မေသူထွန်း၊ နည်းစနစ်အကြံပေး-ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြ-ဒေါ်မာလာဝင်း၊ ဒေါ်မိုးမိုးဝါ၊ ဂိုးနည်းပြ-ဒေါ်မေခင်ယမင်း၊ကစားသမားများအဖြစ် ဂိုးသမား-လူစီယာ၊ ရင်ရင်မိုးနိုင်၊ မေဦးခင်၊ နောက်တန်း-ဖြူဖွေး၊ မေရီဦး၊ ပိုင်ဖြိုးဆု၊ မိုးပြည့်ပြည့်မောင်၊ ခင်ဖုန်း၊ ဖြိုးဖြိုးဝေ၊ ဂျူးထက်ဝေ၊ ခင်ဌေးကြိုင်၊ အလယ်တန်း-ထူးသိဂီနိုင်၊ အေးထက်ထက်ပိုင်၊စန္ဒာလင်း၊ နန်းချိုမွှေး၊ ဒေစီအောင်၊ သန်းသန်းစိုး၊ ဖျားမြမိုးမိုးအေး၊ ကြယ်စင်၊ ရှေ့တန်း-ဇင်မိုးပြည့်၊ ယုယနိုင်၊ ဆုမြတ်နိုးနှင့် ဝေနှင်းဖြိုးတို့ ပါဝင်ကြသည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို မေ ၉ ရက်မှ ၂၁ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကိုးသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု (က) တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မေ ၁၀ ရက်တွင် တီမောအသင်း၊ မေ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်း၊ မေ ၁၄ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ဧပြီလဆန်းတွင် စတင်လေ့ကျင့်ခဲ့ပြီး အခြေခံပညာကျောင်းများနှင့် အား/ကာသိပ္ပံတို့မှ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး မေ ၅ ရက်တွင် အပြီးသတ်လူစာရင်း ကြေညာခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဇွဲကပင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သတင်း-ညီမြတ်သော်တာ