နေပြည်တော် ၆  မေ

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် မြန်မာကလပ် MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ MIU အသင်းသည် ၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

 


၂၀၁၉ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံ ခြောက်နိုင်ငံမှ ကလပ်အသင်းများ ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာကလပ် MIU အသင်းသည် အုပ်စု (ခ) တွင် Down Town (ကမ္ဘောဒီးယား)၊ မီလာကာ (မလေးရှား)တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု (က) တွင် ချောင်ဘူရီ (ထိုင်း)၊ ဆာဗီနက်စ် (ဗီယက်နမ်)၊ ဘလက်စတီး (အင်ဒိုနီးရှား) တို့နှင့်ကျရောက်နေသည်။ MIU အသင်းသည် MIC အသင်းကို အမည်ပြောင်းလဲထားခြင်းဖြစ်ပြီး အောင်မြင်မှုရရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ မြန်မာကလပ် MIU အသင်းသည် ယင်းပြိုင်ပွဲတွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်သုံးကြိမ်စလုံး တတိယဆုရခဲ့သည်။ MIU အသင်းသည် ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၈ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲတွင် PU အသင်း ယှဉ်ပြိုင်ခဲ့ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

MIU အသင်းကို နည်းပြချုပ်အဖြစ် ဦးသန်းဝဏ္ဏအောင်က ကိုင်တွယ်နေပြီး လက်ရွေးစင်ကစား သမားအများစုဖြင့် ဖွဲ့စည်းထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်