၇ မေ
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားသော တောင်ထူထပ်ရာဒေသတွင် ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၃ ဦးစလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ လပ်ဗီးဂပ်စ်မြို့တော်မှ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မိုတာရေးမြို့တော်ဆီသို့ပျံသန်းရာ လမ်းကြောင်းရှိ ကိုဟူလာမှတစ်ဆင့် မောင်းနှင်ခဲ့သည့် "Challenger 601"လေယာဉ်သည် တနင်္ဂနွေ နေ့လယ်ခင်းကတည်းက ဆက်သွယ်ရေးပြတ်တောက်သွားရာ ယင်းလေယာဉ်ကို အာဏာပိုင်များက ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ကိုဟူလာ လူထုအခြေပြုကာကွယ်စောင့်ရှောက်ရေး၏ လက်ထောက်အတွင်းရေးမှူး ဖရန်စစ်ကို မာတဇ် က မန်လိုဗာ မြို့တော်အနောက်မြောက်ဘက် ၃၀၅ ကီလိုမီတာအကွာခန့်တွင် ထိုလေယာဉ်ငယ် ပျောက်ဆုံးခဲ့ကြောင်းနှင့် ယင်းလေယာဉ်ပေါ်ပါသူများကို ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များ စုရုံးပြင်ဆင်ခဲ့ကြကြောင်း ရုပ်မြင်သံကြား အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို