ဖလမ်း ၇ မေ
အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါများအကြောင်း ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းနှင့် အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းကို မေ ၇ ရက် နံနက် ၈ နာရီက ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း သဇင်ဆောင်၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က အသည်းရောင် ရောဂါများအကြောင်းကို လည်းကောင်း၊ မြန်မာအသည်းဖောင်ဒေးရှင်း သံစစ်ကုသိုလ်ဖြစ်ဆေးခန်း မန်နေဂျာ ဒေါက်တာရီရီစိန်က HIV ရောဂါအကြောင်း ကိုလည်းကောင်း၊ အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါ်ဝင်းဝင်းဆွေက National Hepatitis Control Program အကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိဆေးစစ်ခြင်းကို မြန်မာအသည်းဖောင်ဒေးရှင်း(ဗဟို)က အခမဲ့ ဆောင်ရွက်ပေးပြီး ဘီပိုး၊ စီပိုးတွေ့ရှိသော လူနာများအား ကျန်းမာရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ဂျွန်


