ငပုတော  ၇   မေ  

    
ဧရာဝတီတိုင်းသေကြီး၊ ငပုတောမြို့ပေါ်နှင့် အနီးနားကျေးရွာများမှ ထွက်ရှိသည့် ပိန္နဲသီးများမှာ အရသာကောင်းမွန်သောကြောင့် လာရောက်ဝယ်ယူစားသုံးသူ များပြားကြောင်း ဒေသခံများထံမှ သိရသည်။


"ပိန္နဲသီး အရသာ ကောင်းမွန်တာကြောင့် မြို့ပေါ်နေထိုင်သူများအပြင် ပုသိမ်မြို့နှင့် အခြားဒေသများက လာရောက်ဝယ်ယူသူများရှိပါတယ်။ ပိန္နဲသီးအကြီးတစ်လုံးကို ကျပ် ၄၀ဝဝ ခန့်ရှိပြီး အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းလည်းကွာခြားပါတယ်။ နေ့စဉ်အလုံးရေ ၃၀ ကနေ ၄၀ အထိ ရောင်းချရပါတယ်"ဟု ဥယျာဉ်ကုန်းကျေးရွာမှ ပိန္နဲခြံရှင်တစ်ဦးက ပြောကြားသည်။


ပိန္နဲသီးကို အိမ်ပျော့နှင့် အိမ်မာဟူ၍ နှစ်မျိုးခွဲခြားထားပြီး အိမ်မာကိုမူဝယ်ယူစားသုံးသူ ပိုများပြားကြောင်း သိရသည်။ 


လှမင်းထွဋ်(ငပုတောမြို့နယ် ပြန်/ဆက်)