မိုင်းဆတ်  ၇  မေ


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အကျဉ်းဦးစီးဌာန၊ မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၄၄)ဦး၊ အကျဉ်းသူ (၁၇)ဦး စုစုပေါင်း(၆၁)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

1

 


အဆိုပါ ပြစ်ဒဏ်လွတ်မြောက်သူ (၆၁)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြောကြားပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းဇော်(မိုင်းဆတ်)

 

1111111