ဝက်လက် ၇  မေ


ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ သောက်ရေ အခက်အခဲ ဖြစ်နေသော ကျေးရွာများဖြစ်သည့် တချမ်းသာ ကျေးရွာနှင့် ဆားဘိုကုန်း ကျေးရွာများသို့ ယနေ့ မွန်လွဲ ၁ နာရီက သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းရာတွင် ဝက်လက်မြို့နယ်အတွင်းရှိ သောက်ရေခက်ခဲသော ကျေးရွာများ ဖြစ်သည့် တချမ်းသာကျေးရွာ အိမ်ခြေ ၁၅၁ အိမ်၊ ဆားဘိုကုန်းကျေးရွာ အိမ်ခြေ ၁၇ အိမ်တို့အတွက် ရေဂါလံ ၄၈၀ဝ ဂါလံကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းနှင့် ဦးမောင်မောင်သန်းနှင့် ဒေါ်အေးအေးသင်း အလှူရှင်မိသားစုတို့မှ ကျေးရွာ ၁၈ ရွာသို့ နေ့ရက်အလိုက် တာဝန်ခွဲဝေ၍ လှူဒါန်းခဲ့ရာ ယနေ့အပါအဝင် တစ်လပြည့်ပြီဖြစ်ကြောင်း သိရသည်။

 

စိုးစိုးလှိုင်(ဝက်လက်)