ဗန်ကောက် ၇ မေ

ထိုင်းနိုင်ငံ၏ ဘုရင်သစ်သည် နန်းတက်ပွဲပြီးနောက် ပြည်သူများသို့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာ၌ ပြည်သူများ စည်းလုံးညီညွတ်ကြရန် အလေးပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးသည် မကြာသေးမီနှစ်များအတွင်း မတည်မငြိမ်ဖြစ်နေခဲ့သည်။ ထိုင်းဘုရင် ဝဇီရာလောင်ကွန်းနှင့် မိဖုရားဆုသီဒါတို့သည် ဗန်ကောက်မြို့ရှိ နန်းတော်လေသာဆောင်မှနေ၍ ပြည်သူများကို တွေ့ဆုံခဲ့ပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ပြည်သူများကို မိန့်ခွန်းပြောကြားရာ၌ စည်းလုံးညီညွတ်ကြပါ။ လူတစ်ဦးချင်းစီမှ စတင်လိုက်ပါ။ တိုင်းပြည်အကျိုးစီးပွားအတွက် အချင်းချင်း ညီညွတ်ကြပါဟု ပြောကြားခဲ့သည်။

ထိုင်းဘုရင်သည် ၎င်း၏ဖခမည်းတော် နတ်ရွာစံမှုအတွက် ပြည်သူများ ဝမ်းနည်းကြေကွဲကြသည့်အတွက် ၎င်း၏နန်းတက်ပွဲကို ချက်ချင်းမကျင်းပခဲ့ပေ။ ထိုင်းဘုရင်၏ မိန့်ခွန်းကိုနားထောင်ရန် လူပေါင်းထောင်နှင့်ချီ၍ လာခဲ့ကြကြောင်း သိရသည်။

ဘုရင်ကြီးကို တွေ့လိုက်ရတဲ့အခါ လွန်စွာစိတ်လှုပ်ရှားမိကြောင်း၊ လူတိုင်းမတ်တတ်ရပ်ကြပြီး ဘုရင်ကြီး သက်တော်ရှည်ပါစေဟု ဆုတောင်းပေးခဲ့ကြကြောင်း ပတ်ချာရာဝပ်ပဒန်ကစ်က ပြောခဲ့သည်။

ဘုရင်သစ်နန်းတက်ပွဲသည် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင်သည် အစဉ်အလာအားဖြင့် တိုင်းပြည်၏ နိုင်ငံရေးကိစ္စများတွင် လွှမ်းမိုးနိုင်စွမ်းရှိပြီး ဘုရင်သစ်သည် ၎င်း၏အာဏာကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပြီး ၎င်း၏နောက်ထပ်ခြေလှမ်းများကို စောင့်ကြည့်နေကြသည်။

အင်န်အိတ်ချ်ကေ