အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းပြည်နယ် ကာပီဆာတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ကြောင်း အာဖဂန်အစိုးရက ယနေ့ ပြောကြားသည်။

အင်္ဂါနေ့က ကာပီဆာပြည်နယ် နီရတ်ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ပြီး  စစ်သွေးကြွတစ်ဦး၏ မော်တော်ယာဉ်မှာ ပျက်စီးသွားခဲ့ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်မှု ညှိနှိုင်းရေး စင်တာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။ 

လေကြောင်းတိုက်ခိုက်မှုကို အာဖဂန်လေတပ် သို့မဟုတ် နေတိုးတပ်ဖွဲ့ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဟုတ် မဟုတ် ထုတ်ပြန်ချက်က မဖော်ပြခဲ့ပေ။

 

mdn

 

တိုက်ခိုက်ရေးရာသီအဖြစ် ခေါ်ဆိုသည့် နွေဦးနှင့် ဆောင်းရာသီ နီးကပ်လာပြီဖြစ်ရာ နေတိုးတပ်ဖွဲ့ဝင်များက ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သောလ အနည်းငယ်အတွင်း စစ်သွေးကြွများအပေါ် မြေပြင်နှင့်ဝေဟင်ထိုးစ်များ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်