၈ မေ
ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ ရန်းဘတ်ဂျ်မြို့အနီးတွင် ရထားတစ်စီး မတော်တဆမှုဖြစ်ပွားသဖြင့် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာ Focus Online က ယနေ့သတင်းဖော်ပြခဲ့သည်။
အဆိုပါ ရထားမှာ ယနေ့မနက်စောပိုင်း က Alt Duvenstedt မြို့ရှိ ရထားလမ်းကူးတစ်ခုတွင် နောက်တွဲကားတစ်စင်းဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုရထား မတော်တဆဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအလုပ်သမားများ ရောက်ရှိခဲ့ကြပြီး ဒဏ်ရာရလူနာများကို လွှဲပြောင်းပေးပို့ရန် ရဟတ်ယာဉ်တစ်စီး စေလွှတ်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို