၈ မေ
ပါကစ္စတန်နိုင်ငံ၊ လာဟိုး အရှေ့ပိုင်းရှိ ရှေးအကျဆုံးနဲ့ နာမယ်ကျော် ဘုရားကျောင်းတစ်ကျောင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်ရာ အနည်းဆုံးလူ ၅ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဝန်ကြီးချုပ်က ရှုံ့ချပြီး ပန်ဂျပ်ပြည်နယ်အစိုးရကို သေဆုံးသူနဲ့ ဒဏ်ရာရသူမိသားစိုတွေကို လိုအပ်တဲ့အကူအညီပေးဖို့ ပြောကြားလိုက်ပါတယ်။

အဲဒီဘုရာကျောင်းဟာ ၁၁ ရာစုလက်ရာဖြစ်ပြီး တောင်အာရှနိုင်ငံများမှာ အကြီးဆုံး ဆူးဖီ ဘုရားကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပေါက်ကွဲရာနေရာမှာ အမျိုးသမီး ဝင်ပေါက်နေရာတွင်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာ ဆူးဖီဘုရားကျောင်းဟာ ၂၀၁၀ ခုနှစ်ကလည်း အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ပါတယ်။
MDN
AFP