ဗန်ကောက် ၉ မေ
မတ် ၂၄ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ပျူထိုင်းပါတီက မဲအများဆုံး ရရှိခဲ့သည်။ ပြည်ပ ရောက်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာနှင့် ဆက်နွှယ်သည့် ပျူထိုင်းပါတီကမဲဆန္ဒနယ် ၁၃၆ နေရာတွင် အများဆုံးအနိုင်ရရှိခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိုက်သည်။
တပ်မတော်က ကျောထောက်နောက်ခံပြုထားသည့် ဖလန်ပါရာချာရတ်ပါတီသည် မဲဆန္ဒနယ် ၉၇ နေရာတွင် အနိုင်ရရှိခဲ့ပြီး ဒုတိယရရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်သည် မဲရလဒ်စာရင်းထုတ်ပြန်ရန် အချိန်ဆွဲထားကြောင်းနှင့် ရှုပ်ထွေးနေသည့် ကနဦး မဲရလဒ်များကို ထုတ်ပြန်ခဲ့သည်ဟုဆိုကာ အပြင်းအထန်ဝေဖန်ခံနေရသည်။
ထိုင်းအောက်လွှတ်တော်တွင် အမတ်နေရာ ၅၀ဝ ရှိပြီး ၃၅၀ ကို လူထုက တိုက်ရိုက်မဲပေး ရွေးချယ်တင်မြှောက် ရမည်ဖြစ်သည်။
ကျန်သည့်အမတ် ၁၅၀ ကို ကော်မရှင်က တွက်ချက်စစ်ဆေးပြီး တစ်နိုင်ငံလုံးမှ ပါတီတစ်ခုချင်းစီက အနိုင်ရရှိသည့် စုစုပေါင်း မဲအရေအတွက်အလိုက် အချိုးကျခွဲဝေသွားမည် ဖြစ်သည်။
မည်သို့ တွက်ချက်ခွဲဝေမည်ကို မသိသည့်အတွက် ပါတီများအနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာ မည်မျှအထိ ရရှိနိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း သိရသည်။
အေအက်ဖ်ပီ