ရေစကြို မေ ၉


ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက် နဂါးရုံရပ်၌ မေ  ၉ ရက်နေ့ နံနက် ၁ နာရီအချိန်က မီးလောင်မှုဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက် နဂါးရုံရပ်နေ ဦးဇော်ဝင်း(၅၃) နှစ်၏ ရေကန်တွင်တပ်ဆင်ထားသော ရေမော်တာ မီးပလပ်ခုံ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ ရေကန်ဝါးကပ်မိုးအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး (၂၀x၁၅) ပေခန့်ရှိ သွပ်မိုး ထရံကာ (၁)ထပ် ဈေးဆိုင်ခန်း(၁)လုံး (၂၂x၂၂) ပေခန့်ရှိ  သွပ်မိုး ထရံကာ ပျဉ်ခင်း (၂)ထပ် လူနေအိမ်(၁)လုံးဆုံးရှုံး၍ လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးခြင်း မရှိကြောင်း သိရသည်။


မီးလောင်မှုဖြစ်ရာသို့ ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း မြို့မရဲစခန်းမှ ဒုရဲမှူးစန်းဦးနှင့်ရဲတပ်ဖွဲ့ဝင်များ မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး ရေသယ်ယာဉ်(၄)စီး ရပ်ကွက်နေ ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇော်ဝင်းအား ရေစကြိုမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နွယ်နွယ်အောင်