နေပြည်တော် ၉ မေ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မေ ၉ ရက် မွန်းလွဲ ၁ နာရီ က ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားသည်။
ယနေ့တွင် ပြည်ထောင်စုစာရင်းချုပ်ရုံး၊နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့၏ တတိယ (၁) နှစ်တာ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်းဖြစ်ပြီး တက်ရောက်လာသော တင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ဖြေကြားခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုစာရင်းချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများကို ဦးဆောင်ဆွေးနွေးပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ဦးဆောင်ဆွေးနွေးကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ဦးဆောင်ဆွေးနွေးကြသည်။အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ စုစုပေါင်း ၆၉ ဦးတက်ရောက်ကြောင်း သိရသည်။
MDN