၅ မေ
အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ် ပူနေးခရိုင်၊ အူရာလီဒီဗာချီမြို့တွင် ယနေ့ နံနက်ပိုင်းအစောပိုင်းက အဝတ်အထည်ရောင်းချသည့် စတိုးဆိုင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားချိန်တွင် အလုပ်သမားငါးဦးမှာ စတိုးဆိုင်အတွင်း အိပ်ပျော်နေချိန်ဖြစ်သည်။
၄င်းတို့သည် အသက်ရှုကြပ်ခြင်းအပြင် အသေးစားမီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
ရေသယ်ယာဉ်ငါးစီးဖြင့် မီးငြှိမ်းသတ်ပြီး မီးလောင်မှုကို ထိန်းချုပ်ခဲ့သည်။ ရေးအေးများဖြင့်လည်း ငြှိမ်းသတ်ခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများသည် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ အဆိုပါ မီးလောင်ကျွမ်းမှုအကြောင်းကို သေချာစွာ စစ်ဆေးခြင်းမပြုရသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ပူနေးမြို့တော်မှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရပ်ရှာပြည်နယ်တွင် မွမ်ဘိုင်းပြီးလျှင် ဒုတိယအကြီးဆုံးမြို့ ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် နဝမမြောက် လူဦးရေ အထူထပ်ဆုံးမြို့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်