တီးတိန် ၉ မေ              


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့ကြေး ပေးအပ်ပွဲကို တီးတိန်မြို့ခွာဒိုခန်းမ၌ မေ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သည်။


ရှေးဦးစွာ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က ထောက်ပံ့ကြေးပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးက ထောက်ပံ့ငွေများပေးအပ်ပြီး မသန်စွမ်းများကိုယ်စား ဦးနိန်ခန့်ထန်က ကျေးဇူးတင်စကားပြောကြားသည်။


တီးတိန်မြို့နယ်တွင် မိဘမဲ့ဂေဟာ ၁၃ ခုအတွက် ငွေကျပ် ၇၃၅၀ဝ၀ဝ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများ ၅၂၅၉ ဦးအတွက်  ငွေကျပ် ၇၀ဝ၀ဝ၀ဝ၊ လူငယ်ရိပ်သာ ၄ ခုအတွက် ကျပ် ၄၀ဝ၀ဝ၀ နှင့် မသန်စွမ်းသူ ၉၃၆ ဦးအတွက် ငွေကျပ်၂၈၀၈၀ဝ၀ဝ အား တာဝန်ရှိသူများက ပေးအပ်ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN