ရန်ကုန် ၉ မေ

 

ဒါရိုက်တာ Giorgi ShengeLaila ၏ Pirosmani ရုပ်ရှင်ဇာတ်ကားအား မေလ    ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင် အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအစီအစဉ် ပြုလုပ်ကြမည်ဖြစ်သည်။

 

အဆိုပါအစီအစဉ်မှာ Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုအဖြစ် (၁၆) ကြိမ် မြောက်ပြုလုပ်ခြင်းဖြစ်ပြီး Professor Vit Janecek  မှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ 

 

“Pirosmani” ရုပ်ရှင်ဇာတ်ကားသည် ၁၉၆၉ခုနှစ်တွင် ပြသခဲ့သော Georgian Biographical Art-Drama Film  ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ၁၉၇၃ ခုနှစ်၊ BFI London Film Festival တွင် Sutherland Trophy ဆုနှင့် ၁၉၇၄ ခုနှစ်၊ Chicago International Film Festival တွင် Gold Prize, Gold Hugo ဆုတို့ကို ဆွတ်ခူးရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)