မုံရွာ  ၉  မေ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရီးသွားဇုန်နှင့် စစ်ကိုင်းခရီးသွားဇုန်အတွင်းသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ပြည်တွင်း/ပြည်ပခရီးသွား ဝင်ရောက်လည်ပတ်မှု (၇၀၄၈)ဦးရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။


ပြည်တွင်း/ပြည်ပခရီးသွားများ အနေဖြင့် ရွှေဘိုဇုန်အတွင်းရှိ နန်းတော်ရာ၊ မဟာနန္နာကန်၊ ဦးအောင်ဇေယျအောင်မြေနှင့် မွေးရပ်မြေ၊ ဟန်လင်းပျူမြို့ဟောင်း၊ နွယ်ငြိမ်းစဉ့်ထည်လုပ်ငန်း၊ အင်ဒေါင်း ကျေးရွာရှိ ဧရာဝတီလင်းပိုင်ကြည့်သည့် ခရီးသွားလုပ်ငန်းတို့အား အများဆုံး ဝင်ရောက်လည်ပတ်ကြပြီး စစ်ကိုင်းဇုန် အတွင်းရှိ မင်းကွန်းပုထိုးတော်ကြီး၊ ကနောင်သံချက်ဖို၊ အစေခံ ခံတပ်၊ ကောင်းမှုတော်စေတီ၊ မြစေတီ တို့ကို အများဆုံး ဝင်ရောက်လည်ပတ်ကြကြောင်း သိရသည်။


ရွှေဘိုခရီးသွားဇုန်အတွင်း ခရီးသွားဝင်ရောက်မှု အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း ခရီးသွား (၃၁၁)ဦး၊ ပြည်ပခရီးသွား (၁၂) ဦး၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းခရီးသွား(၂၇၂)ဦး၊ ပြည်ပခရီးသွား (၄)ဦး၊ မတ်လတွင် ပြည်တွင်းခရီးသွား (၄၁၁)ဦး၊ ပြည်ပခရီးသွား (၁၀) ဦး၊ ဧပြီလတွင် ပြည်တွင်းခရီးသွား (၃၈၃)ဦးနှင့်ပြည်ပခရီးသွား (၁၀)ဦး စုစုပေါင်း ပြည်တွင်း/ပခရီးသွား(၁၄၁၃)ဦးရှိခဲ့ပြီး စစ်ကိုင်းခရီးသွားဇုန်တွင်လည်း ဇန်နဝါရီလတွင် ပြည်တွင်းခရီးသွား(၁၃၆၁)ဦး၊ ပြည်ပခရီးသွား(၂၂၁) ဦး၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းခရီးသွား (၈၁၉) ဦး၊ ပြည်ပခရီးသွား(၁၆၄)ဦး၊ မတ်လတွင် ပြည်တွင်းခရီးသွား (၁၃၀၉)ဦး၊ ပြည်ပခရီးသွား (၁၁၇)ဦး၊ ဧပြီလတွင် ပြည်တွင်းခရီးသွား (၁၅၆၇) ဦး၊ ပြည်ပခရီးသွား (၇၇)ဦး စုစုပေါင်း ပြည်တွင်း/ပခရီးသွား (၅၆၃၅)ဦးရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)