နေပြည်တော် ၉ မေ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဟုန်လျန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းစွာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် တပ်မတော်က ဆောင်ရွက်နေမှု၊ ပစ်ခတ်မှုမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အစိုးရနှင့် တပ်မတော်ထံ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် ဒေသခံပြည်သူ လူထုများ၏ အကျိုးစီးပွားအတွက် တပ်မတော်အနေဖြင့် တစ်ဖက်သက်ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းပေးထားမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 


(သတင်းစဉ်)