နတ်မောက် ၁၀ မေ
နတ်မောက်မြို့နယ်၊ အိုင်မကျီးကျေးရွာတွင် မေ(၉)ရက်နေ့က အမျိုးသားတစ်ဦး ထန်းသီးတက်ခုတ်စဉ် ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မေ(၉)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်ခန့် အိုင်မကျီးကျေးရွာတွင် လူတစ်ဦး ထန်းပင်ပေါ်မှပြုတ်ကျသေဆုံးကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေရဲစခန်းမှူး ရဲအုပ် သက်ဦး သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ စိုးလင်း၊ ၄၂ နှစ်၊ အိုင်မကျီးကျေးရွာ၊နတ်မောက်မြို့နယ် နေသူဖြစ်ပြီး အိုုင်မကျီးကျေးရွာ တောင်ဘက်(၁၁)မိုင်ခန့်အကွာ ယာခင်းထဲတွင် ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ စိုးလင်းသည် ဇနီးဖြစ်သူ မကျင်ဌေး နှင့်အတူ ယာခင်းထဲသို့ ရောက်ခဲ့ပြီး ထွန်ယက်ပြီးချိန်တွင် စိုးလင်းမှ ယာခင်းအလယ်ရှိ အမြင့်(၃၀)ပေခန့်ရှိသော ထန်းပင်ပေါ်သို့တက်၍ ထန်းသီးတက်ခုတ်စဉ် ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုနှင့်ပက်သက်၍ စိုင်ကောင်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်ဖြင့် အမှုဖွင့်ထားသည်။
ကျော်ဇေယျ