မိုးညို  ၁၀ မေ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် မုန်တိုင်းဘေး၊  ရေဘေး၊  လေဘေး၊ မီးဘေး၊ မြေငလျင်ဘေး  မြေပြိုဘေး လျပ်စီးအန္တရာယ် ရေရှားပါးမှုဘေး စသည့်သဘာဝဘေးအန္တရာယ် သိကောင်းစရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာ အကြံပြုဆွေးနွေးချက်များအား ပြည်သူများသိရှိအောင် မြေစိုက်ပြဘုတ်တွင် ပြသထားရှိသည်။

 

ထို့အတူ ကျေးရွာများသို့လည်း သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော နံရံကပ်စာစောင်များ ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိရှိကြပါစို့ ဗီဒီယိုဇာတ်လမ်းခွေတို့အား ပြသပေးလျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN