နေပြည်တော် ၁၀ မေ

 

ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေ အခက်ကြုံနေသော ကျေးရွာများအား သောက်သုံးရေ ရရှိစေရန်အတွက် ရေများသွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီ မှစတင်၍ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု စက်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင်၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးဝေဝင်းမှ ဦးဆောင်၍ ရေဂါလံ ၁၆၀ဝ ကို စက်ကုန်းကျေးရွာအတွင်း သောက်သုံးရေ အခက်ကြုံနေသာ ပြည်သူများအား အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျခွဲဝေ လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

1.02