ဘောဂလိ ၁၀ မေ
ကရင်ပြည်နယ် ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နီလာအေးက စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ရရှိလာသည့် သုတ၊ ရသ အတွေးအမြင်၊ ဗဟုသုတများအား မျှဝေခံစားတတ်စေရန်နှင့် လူငယ်လူရွယ်များ စာအုပ်စာပေကို ပိုမိုစိတ်ဝင်စားပြီးစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြာင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာဖေမြင့် ရေးသားသော စဉ်းစားခြင်းစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ ဦးရဲထက်ကောင်းက "အကြပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများ" ဦးယွာဘလုသားက" ဖောက်ထွက်အတွေးတို့၏ သဘော စသည့် အခန်းလိုက်ခေါင်းစဉ်ပါ စာစုများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက ၄င်းစာအုပ်ဖတ်ရှုခဲ့ရသည့်အပေါ် ရှိခဲ့သည့် အတွေးအမြင်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘောဂလိပြန်/ဆက်