၁၀ မေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ပက်ထရစ်ရှာနာဟန်ကို အဆိုပြုမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ 

 

ja1

 

ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်သည် ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်သွားပြီးနောက် အသက် ၅၆ နှစ်ရှိ ပက်ထရစ်ရှန်နာဟန်သည် ခေတ္တကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ 

 

j3

 

ရှာနာဟန်သည် ကာကွယ်ရေးဝန်ကြီးဌာကိုဦးဆောင်ရန် အရည်အချင်းပြည့်ဝပြီး အကောင်းမွန်ဆုံး ဆက်လက်လုပ်ဆောင်သွားရန်  ပြီးခဲ့သည့်လများအတွင်း သက်သေပြခဲ့သည်ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အကြီးအကဲ ဆာရာဆန်ဒါးစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြား သည်။

ရှာနာဟန်သည် ၁၉၈၆ ခုနှစ်က ဘိုအင်းကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ၌ နှစ်ပေါင်း ၃၀ ကျော် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ၄င်းကို ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ 

အမေရိကန်တပ်မတော်ကို ခေတ်မီအောင်ပြုလုပ်ရန် သံန္နိဌာန်ချထားကြောင်း၊ အတည်ပြုချက်ရပါက တရုတ်၊ ရုရှားတို့နှင့် ယှဉ်ပြိုင်မှုပြုလုပ်ရန် ဦးစားပေးထားသည့် သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှာနာဟန်က သတင်းထောက် များသို့ ပြောကြားခဲ့သည်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဦးစားပေးစီမံကိန်းများအနက် တစ်ခုဖြစ်သည့် အဆိုပြုထားသော အာကာသတပ်ဖွဲ့အတွက် လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ရှာနာဟန်အပေါ် ယုံကြည်မှုရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။ 

အမေရိကန်အထက်လွှတ်တော်က ရှာနာဟန်၏ ခန့်အပ်မှုကို အတည်ပြုပေးရန် လိုအပ်သည်။ အချို့ အထက်လွှတ်တော်အမတ်များက ရှာနာဟန်မှာ စစ်ရေးနှင့် သံတမန်ရေး အတွေ့အကြုံမရှိဟု စိုးရိမ်လျက်ရှိနေကြသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်