ရေနံချောင်း  ၁၀  မေ 
 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မကွေးခရိုင် ရေနံချောင်းမြို့နယ်ဘဏ်ခွဲအနေဖြင့် ၂၀၁၉ ခုနှစ် မိုရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၆ အုပ်စုမှ တောင်သူ ၆၈၀ဝ ဦးခန့်အတွက် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၄၄၀ဝ၀ ကျော်ခန့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရေနံချောင်းမြို့နယ်ဘဏ်ခွဲမှ သိရသည်။
 

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို စပါးတစ်ဧကလျှင် ငွေကျပ် ၁ သိန်းခွဲ ထုတ်ချေးပေးမည်ဖြစ်ပြီး ယခင်နှစ် အခြားသီးနှံတစ်ဧက ငွေကျပ် ၅ သောင်းမှ ယခုနှစ် ငွေကျပ် ၁ သိန်းအထိ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်သည်။

 

ရေနံချောင်းမြို့နယ်တွင် ယခင်နှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၂၂၀ဝ၀ ကျော် ထုတ်ချေးပေးနိုင်ခဲ့ပြီး တောင်သူများမှ ကြွေးကျန်မရှိ ပြေကြေပြန်လည်ပေးဆပ်ပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး