၁၀ မေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သီတင်းတစ်ပတ်အတွင်းမှာ တာတိုပစ်ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခြင်းကို ဘယ်သူမှ ပျော်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူတို့ကြားက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ ဆွေးနွေးပွဲကို မြောက်ကိုရီးယားက ဒုံးကျည် ၂ စင်းပစ်လွှတ်ပြီး ဖိအားကို တိုးမြှင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ထရန့်-ကင် တွေ့ဆုံပွဲမှာ သဘောတူညီချက် တစ်စုံတစ်ရာမရရှိဘဲ ပြီးခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြောက်ကိုရီးယားက အမေရိကန်ကို ဝေဖန်မှုတွေ လုပ်တယ်နေခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတကတော့ မြောက်ကိုရီယားက တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်နေတယ်ဆိုတာ ဆန္ဒပြနေတဲ့ပုံစံမျိုးသာဖြစ်တယ်လို့ မနေ့က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး အမေရိကန်ဟာ တာတိုပစ်ဒုံးကျဉ်တွေ စမ်းသပ်ပစ်လွှတ်နေတာကို သေသေချာချာ စောင့်ကြည့်နေပါတယ်။ ဒီလုပ်ဆောင်မှုအပေါ် ဘယ်သူမှ ပျော်မှာမဟုတ်ဘူး။ မြောက်ကိုရီးယားအနေနဲ့ နျူကလိယားအရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးညှိနှိုင်းလိုပါတယ်။ အဲဒါတွေလည်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သူတို့အနေ ညှိနှိုင်းဆွေးနွေးလို စိတ်မရှိသေးဘူးလို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

မြောက်ကိုရီးယားအာဏာရပါတီရဲ့ ဝါဒဖြန်ချိရေးသတင်းစာ Rodong Sinmun ရဲ့ သောကြာနေ့ထုတ်သတင်းစာမှာ ပထမစာမျက်နှာအပြည့်နဲ့ ဒုတိယစာမျက်နှာတစ်ဝက်မှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တဲ့ ပုံ ၁၆ ပုံနဲ့အတူ သတင်းရေးထားကြောင်း သိရပါတယ်။ အဲဒီထဲက ပုံတစ်ပုံမှာ ကင်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာကို ကြည့်နေတဲ့ပုံပါ ပါရှိပါတယ်။
MDN
ကိုးကား - AFP