မန္တလေး ၁၀ မေ
အိမ်ထောင်ရှင်အမျိုးသမီးများပါဝင်ယှဉ်ပြိုင်ရသည့် တတိယအကြိမ်မြောက် Mrs Beauty Empress Mandalay 2019 ကို အခုလ ၉ ရက်ညပိုင်းက ဟိုတယ်မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၆ ဦးပါဝင်ပြီး Winner ဆု ၁၄ ခု ပေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် Mrs Beauty Empress Mandalay 2019 တွင် ဆုရရှိသူများသည် ဇွန်လအတွင်း၌ နိုင်ငံအဆင့်ပြိုင်ရမည်ဖြစ်သည်။ နိုင်ငံအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများသည် တရုတ် ၊ ဖိလစ်ပိုင် ၊ ဘန်ကောက် စသည့်နိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်