ထားဝယ် ၁၀ မေ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးများသို့ မေ ၉ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးများက တူမီးလုပ်သေနတ်များ လာရောက်အပ်နှံကြောင်း သိရသည်။

 

ထိုနောက် လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကျော်နှင့် ရာအိမ်မှူးတို့က တူမီးလုပ်သေနတ် ( ၆ )လက်အား လာရောက်အပ်နှံရာ မောင်းမကန်နယ်မြေရဲစခန်း ဒုရဲအုပ် ဇော်မင်းထက်က လက်ခံယူသည်။

 

ဆက်လက်၍ သပြေရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်တွင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က တူမီးလုပ် သေနတ် ( ၆ )လက်အား သကျက်တောရဲကင်းစခန်းသို့လည်းကောင်း၊ ပြင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ အုပ်ချုပ်ရေးမှူး ဦးအေးဝင်းက တူမီးလုပ်သေနတ် ( ၃ )လက်အား လည်းကောင်း၊ သဗျာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးဦးမာန်စိန်က တူမီးလုပ်သေနတ် ( ၁ )လက်အား လည်းကောင်း လာရောက်အပ်နှံရာ သက်ဆိုင်ရာ ဒုရဲအုပ်များက လက်ခံယူပြီး လက်နက်တိုက်စတိုးတွင် သိမ်းဆည်းထားကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN