၁၀ မေ
တောင်အာဖရိကနိုင်ငံမှာ မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရဲ့ အစောပိုင်း မဲရလဒ်အရ အာဖရိကအမျိုးသားကွန်ကရက် ပါတီ (ANC) ဟာ ဆက်လက်အနိုင်ရရှိနေကြောင်း သိရပါတယ်။ ရွေးကောက်ပွဲရဲ့ အပြီးသတ် ရလဒ်ကို စနေနေ့မှာ ကြေငြာရမှာဖြစ်ပါတယ်။ ဒီကနေ့ ထွက်ပေါ်လာတဲ့ မဲရလဒ်အရ ANC ပါတီ ဟာ အနိုင်ရရှိတဲ့ အခြေအနေကို လှမ်းနိုင်နေပြီဖြစ်ပါတယ်။
၁၉၉၄ ခုနစ်ကစပြီး ANC ပါတီ ဟာရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုအကြိမ်မှာ ၅၇% ထောက်ခံမှု ရရှိပြီးဖြစ်အတဲ့အတွက် အပြီးသတ် မဲရလဒ်ရေတွက်အပြီးမှာ ၆၀% နီးပါး အနိုင်ရနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

၁၉၉၄ ခုနှစ်က အက်ပါတိုက် လူဖြူကြီးစိုးရေးပြီးနောက်မှာ နယ်လ်ဆင်မန်ဒဲလား ဦးဆောင်တဲ့ ANC ပါတီ ဟာ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ANC ပါတီ ရဲ့လက်ရှိ အသက် ၆၆ နှစ်အရွယ် သမ္မတ ရာမဖိုဆာ ဟာ မနှစ်က သမ္မတတာဝန်ကို ကြားဖြတ် ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျာ့ကော့ ဇူးမားဟာ သမ္မတ တာဝန်ကို ၉ နှစ် တာဝန်ထမ်းဆောင် အပြီးမှာ လာဘ်ပေးလာဘ်ပေးယူမှုနဲ့ စီးပွားရေးပြဿနာတွေကြောင့် နှုတ်ထွက်ခဲ့ရပြီး လက်ရှိသမ္မတက တာဝန်လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။

ANC ပါတီရဲ့ပြိုင်ဘက် အတိုက်ခံပါတီ ဒီမိုကရက်တစ်မဟာမိတ်ပါတီ (DA) ပါတီက ၂၂ % ထောက်ခံမှုရရှိထားပြီးဖြစ်ပါတယ်။
၂၀၁၉ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၄၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP