စစ်တွေ ၁၀ မေ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့်တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီ ဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးညီလှငယ်၊ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အထူးဖိတ်ကြားထား သည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးစိုးအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိ သူများတက်ရောက်ကြသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့က အမှာစကားများပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက်ဆွေးနွေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မကြာမီရောက်ရှိလာတော့မည့် မိုးရာသီကာလအတွင်း တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ယာယီအဆောက် အအုံများ ဆောက်လုပ်မည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်အား တာဝန် ပေးအပ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွား မည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများ အတွက်ထောက်ပံ့ရေးဆောင်ရွက်မည့် အစီအမံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အနေဖြင့်ထောက်ပံ့လှူဒါန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဒုတိယဝန်ကြီး ဦးတင်မြင့် တို့က သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
(သတင်းစဉ်)