ဝါရှင်တန် ၁၀ မေ

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် ဖေ့စ်ဘုတ် တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဂျ်နှင့် အခန်းဖော်ဖြစ်ခဲ့သူ ဖေ့စ်ဘုတ်ကုမ္ပဏီ တွဲဖက်တည်ထောင်သူ ခရစ်ဟူးဂစ်က ကုမ္ပဏီမှ ခွဲထွက်လိုကြောင်း ယမန်နေ့ က နယူးယောက်တိုင်းမ်သတင်းစာတွင် အတွေးအမြင်ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြခဲ့သည်

ကုမ္ပဏီကြီးများကို ခွဲထုတ်ရန် တိုက်တွန်းနေကြသည့် လွှတ်တော်အမတ်များအကြိုက် ဟူးဂစ်က ထိုသို့ပြောကြားလိုက် ခြင်းဖြစ်သည်။

မည်မျှပင် ရည်ရွယ်ချက်ကောင်းသည့် လုပ်ငန်းရှင်ဖြစ်ပါစေ တစ်ဦးတည်း ချုပ်ကိုင်သည့် ဝန်ဆောင်မှု သို့မဟုတ် လုပ်ငန်းများ၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ထားသည့် မိမိတို့နိုင်ငံအတွက် ဇူကာဘတ်ချ်၏ အင်အားများ မကြုံစဖူး ကြီးမားနေသည့်အတွက် အမေရိကန်စံနှုန်းနှင့် မညီကြောင်း ဟူးဂစ်က နယူး ယောက်တိုင်းမ်တွင် ရေးသားဖော်ပြခဲ့ သည်။

ဖေ့စ်ဘုတ်တွင် အချက်အလက်များ ဖြန့်ဝေနေသည့်စနစ်၊ အမုန်းစကား ပြန့်ပွားမှုများနှင့် သတင်းမှားဖြန့်ဝေနေခြင်း ရှိ မရှိကိုလည်း တရားဝင်အဖွဲ့အစည်းများက တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စောင့်ကြည့်နေကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ဖေ့စ်ဘုတ်အသုံးပြုသူ ၂ ဘီလီ ယံကျော်ရှိပြီး ဖေ့စ်ဘုတ်မှ တီထွင်ပေးထားသော ဝှက်စ်အက်ပ်၊ မက်ဆင်ဂျာ၊ အင်စတာဂရမ် အသုံးပြုသူများလည်း ၁ ဘီလီယံကျော်ရှိကြောင်း သိရသည်။

အထက်လွှတ်တော်အမတ် အဲလိဇဘတ်ဝါရန်က သမ္မတအဖြစ်သာ အရွေးခံရပါက ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် ဖေ့စ်ဘုတ်၊ အမေဇွန်နှင့် အယ်လ်ဖာဘတ်အင့်စ်၊ ဂူးဂဲလ်တို့ကဲ့သို့သော ကုမ္ပဏီကြီးများကို ခွဲထုတ်ပြီး ဈေးကွက်အပြိုင်အဆိုင် မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောသည်။

အေအက်ဖ်ပီ