မယ်စဲ့  ၁၁ မေ 

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နေ့လယ်က ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်လင်းအောင်၊ ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် ကယားတောင်တန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပင်မရုံးအဆောက်အဦ (၃၆×၄၀×၂၄)ပေ RC နှစ်ထပ်တည်ဆောက်မှုလုပ်ငန်း၊ ဟိုစဲ့ကျေးရွာရေပေးရေးလုပ်ငန်း အရှည်ပေ ၅၅၀ဝ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဝမ်ကန်ကျေးရွာ အုတ်ရေကန် နှစ်လုံးအမိုးမိုးခြင်းနှင့် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း၊ ကျောက်စုကျေးရွာတွင် မာဃလုလင်ကုမ္ပဏီမှ ဆောင်ရွက်နေသော ကျေးရွာအကျိုးပြုလယ်ယာကုန်ထုတ်လမ်း အရှည် ၂ မိုင် ၄ ဖာလုံဖောက်လုပ်နေမှုနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အားနည်းချက်များတွေ့ရှိမှုအပေါ် အချိန်မီပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးကို မြို့နယ်ကျေးလက်ဦးစီးဌာနမှူးက တွန်းအားပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

FB_IMG